Pages

Wednesday, July 20, 2016

ပီယလက်ဘက်စီရင်နည်း

ဥုံ ကန္တီ နိယာနိ မိတ္တဃာနိ သုတယာချုံ
ဆေစု ပုပ္ပတ္တ သွာဟ ။

လက်ဘက်အသားသန့်သန့်ကို
ဤမန္တန်နှင့် ( ၃၇ ) အုပ်မန်းပြီး
လက်ဘက်သုတ်ကျွေးပါက
စားမိသူသည် မိမိကို ချစ်ကြိုက်စေ၏ ။

ပီယအပွင့်ဆီမန်း

ဥုံ မိဂရာဇာ ခြင်းရာထာ ထဒေဝီထ ။

မဆစ်ဆီကို ( ၇ ) အုပ်မန်း၍ သုတ်လိမ်း
သွားပါက အရာရာ၌ ပွင့်လန်းစေ၏ ။
ချစ်ခင်စေ၏ ။


ပင်စိမ်းညွန့်ပီယနည်း

ဥုံ ပင်စိမ်းပင်ပျို အဆစ်တိုတယ် အိုဟယ်
ရဟယ် မိန်းမ ချဉ်းဆရာချဉ်း
ကပ် ဆရာ ကပ် ။
ရေခွက်တစ်ခုထဲသို့ ပင်စိမ်းညွန့်ထည်၍
ယင်းမန္တန်နှင့် ( ၇ ) အုပ်မန်းပါ။
ဤပင်စိမ်းနှင့် မိမိလိုသောသူ၏
နှာခေါင်းမှာ နံအောင်ပွတ်ပါ။
နံလျှင်မခံနိုင် ချစ်ကြိုက်၏ ။